အင်းဝအပ်ချုပ်ဆိုင်မိသားစုလူကုန်မကူးဘူုးလို့ သက်သေထွက်ဆို

  • 7 years ago
အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေကို စွဲချက်တင်တဲ့အခါမှာ လူကုန်ကူးပုဒ်မ ပါဝင်ပေမယ့် ခံပြသက်သေတွေကတော့ တရားရုံးမှာ သက်သေထွက်ဆိုရာမှာတော့ အင်းဝမိသားစုဟာ လူကုန်ကူးတာမဟုတ်ဘူးလို့ ထွက်ဆိုကြပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက် က ရုံးချိန်းမှာ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်ဘက်က ၁၄ ဦးမြောက် ခံပြသက်သေကိုစစ်ဆေးခဲ့တာပါ။

အဲဒီခံပြသက်သေ ထွက်ဆိုချက်မှာ အိမ်တိုင်း၊ ဆိုင်တိုင်းက တစ်လကို ကျပ်နှစ်သောင်း၊ သုံးသောင်းနဲ့ အိမ်အကူ ခေါ်နေကြဖြစ်ပြီး အဲဒါကြောင့် အင်းဝအပ်ချုပ်ဆိုင်မိသားစုဟာ လူကုန်ကူးတာမဟုတ်ဘူးလို့ ပါပါတယ်။ အဲဒီလို ထွက်ဆိုတာကို ဥပဒေအရာရှိက ခံပြသက်သေရဲ့ ထွက်ဆိုချက်အတိုင်း အိမ်တိုင်း ၊ ဆိုင်တိုင်း အိမ်အကူခေါ်ကြပေမယ့် အိမ်တိုင်း ဆိုင်တိုင်းမှာ အခုလို စွဲဆိုခံတာမျိုး မရှိဘူးဆိုတာ ဖြေပေးဖို့ ခံပြ သက်သေကို ပြန်မေးခဲ့ပါတယ်။

အဲဒီမေးခွန်းကိုတော့ ခံပြသက်သေက သူမသိပါဘူးလို့ ထွက်ဆိုခဲ့တာပါ။ ဒီကနေ့ ရုံးချိန်းကိုလာရောက်ထွက်ဆိုတဲ့သူဟာ အင်းဝမိသားစုဝင် ကိုရာဇာထွန်းရဲ့ ဗိုလ်ဆွန်ပက်လမ်းနေအိမ်မှ တစ်တိုက်ထဲနေသူ အိမ်နီးချင်းဆိုသူဖြစ်ပါတယ်။

အင်းဝမိသားစုဝင်ခြောက်ဦးမှာ ဒေါ်တင်သူဇာ၊ ကိုတင်မင်းလတ် ၊မစုမွန်လတ်နဲ့ ကိုရာဇာထွန်းတို့ကို ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ်မ ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ၂၄/၂၉၊ အပြင်းအထန်နာကျင်စေမှု၊ ချုပ် နှောင်ထားမှုအတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅/၃၄၄ စုစု ပေါင်းပုဒ်မသုံးခုဖြင့် စွဲချက်တင်ထားတာပါ။

သမီးကြီးဖြစ်သူ သီရိလတ်နဲ့ဖခင်ဖြစ်သူ့  ဦးကိုလတ်ကို တော့ လူကုန်ကူးမှုမှာ အားပေးအားမြှောက်ပြုမှု၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၂၄/၂၉/ ၃၂ နှင့် အပြင်းအထန်နာကျင်စေမှု၌ အားပေးအားမြှောက်ပြုမှု၊ ပူး ပေါင်းကြံစည်မှု ပုဒ်မ ၃၂၅/၁၄၄ စုစုပေါင်း ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ထားတာပါ။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Recommended