သိန်းပေါင်း ၆ သောင်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းဆီးနိုင်တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဂုဏ်ပြု

  • 7 years ago
ကျပ်သိန်းပေါင်းခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်တရားခံနှစ်ဦးကို ဖမ်းဆီးပေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို တစ်ဆင့်မြှင့် ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်က တောင်ကြီးမြို့၊မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၅၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ၊ အမှတ်(၂၅ ) မူးယစ်တပ်ဖွဲ့စုဌာနခွဲ က ရဲတပ်ကြပ်ကြီး ရန်နိုင်စိုးကို ရဲအရာခံ အဆင့်နဲ့ ရဲတပ်ကြပ် မျိုးဝင်းခိုင်ကို ရဲတပ်ကြပ်ကြီး အဆင့်ကို တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီး ဘ၀သံသရာတံတား ၊ မိုင်တိုင် ၉၈ မှာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ကြေးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅သိန်း နှင့် တရားခံ နှစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့ အတွက် တစ်ဆင့်တိုး ရာထူးတွေ တိုးမြှင့်ချီးးမြှင့်ခံခဲ့ရတာလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး စိုးထွန်းဝင်း ကပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ မှုခင်းဖော်ထုတ် ထူးချွန်ဆု၊ အမှုထမ်းကောင်းလက်မှတ် ရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ ဦးတို့ကိုလည်း ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးနဲ့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့တာပါ။

ဒီအခမ်းအနားကို ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ နဲ့ ပရိသတ် ၅၀၀ကျော်တက်ရောက်ခဲ့ပါတယ်။

ရုပ်သံသတင်းထောက်-ဂျွန်ချစ်ငြိမ်း

Recommended