YBSစနစ်မှာ အရေးယူမှု ပိုမိုပြုလုပ်နေဟု YRTAဥက္ကဋ္ဌဆို

  • 7 years ago
YBSစနစ် စတင်တဲ့နေ့ကစပြီး လက်ရှိအချိန်ထိ အရေးယူမှုပေါင်း ၆၅၀၀ရှိပြီလို့ YRTAဥက္ကဌ ရန်ကုန်တိုင်း လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကပြောကြားလိုက်ပါတယ်။ မနေ့က ရန်ကုန်တိုင်း လွှတ်တော်မှာYBSအဆိုနဲ့ ပတ်သက်လို့ ပြန်လည်ရှင်းလင်းဖြေကြားစဉ်မှာပြောကြားခဲ့တာပါ။ ကာလတူနှိုင်းယှဉ်ပါက မ.ထ.သလက်ထက်မှာ ၃လအတွင်းအရေးယူမှု ၅၉၀၀မှုရှိခဲ့ပြီး YBSလက်ထက်မှာ ၆၅၀၀ရှိခဲ့တာက အမှုတွေပိုများလာလို့ မဟုတ်ဘဲ ပိုပြီးအရေးယူတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ YBSစနစ်ကို ပိုကောင်းဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ဆောင်ရွက်မှာဖြစ်ပြီး ယာဉ်မောင်းယာဉ်နောက်လိုက်တွေကိုလည်းသင်တန်းပေးဖို့တွေ စီစဉ်နေတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended