• 8 years ago
မန်မာအစိုးရကို ထောက်ခံကူညီသွားဖို့ အဆင်သင့်ဖြစ်နေပြီး ဖွံ့ဖြိုးမှုအစီအစဉ်တွေမှာ အစိုးရ ၂ ရပ်ကြား သဘောတူညီ ထားတာတွေ ရှိတယ်လို့ ဒိန်းမတ်နိုင်ငံ အစိုးရအဖွဲ့ အလုပ်အကိုင်ဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ရောင်(န) နီဂတ် လာဆန်က 7mins အစီအစဉ်မှာ ပြောဆိုလိုက်ပါတယ်။ ဒိန်းမတ်အနေနဲ့ ၁၉၅၅ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ တာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ အားပေး ကူညီနေတာဖြစ်ပါတယ်။ ဒိန်းမတ်အနေနဲ့ မြန်မာရဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၊ အလုပ်သမားဈေးကွက် တိုးတက်ဖြစ်ထွန်း ရေးအပါအ၀င် ညှိုနှိုင်းဆွေးနွေးမှုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အပြုသဘောဆောင် ကူညီပေးနေတာဖြစ်တယ်လို့ပါ 7 mins အစီအစဉ်မှာ အလုပ်အကိုင်ဝန်ကြီးက ပြောဆိုသွားတာပါ။ ဒိန်းမတ်အလုပ်အကိုင်ဝန်ကြီး မစ္စတာ ရောင်(န) နီဂတ် အနေနဲ့ မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ် အတွင်း ဒိန်းမတ်ရဲ့ စီမံကိန်းတွေဖြစ်တဲ့ အလုပ်အကိုင်ဆိုင်ရာ လုံခြုံရေးကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ဆွေးနွေးညှိုနှိုင်းမှု စတဲ့ ကဏ္ဍတွေအတွက် လာရောက်ခဲ့တာဖြစ်ပါတယ်။ 7mins အစီအစဉ်မှာ ဒိန်းမတ်အလုပ်အကိုင်ဝန်ကြီးနဲ့ မေးမြန်းဆွေးနွေးမှု အပြည့်အစုံကိုတော့ ရှေ့သီတင်းပတ်မှာ ထုတ်လွှင့်မယ့် စီးပွားရေးသတင်းအစီအစဉ်မှာ ရှုစားရမှာဖြစ်ပါတယ်။

Category

🗞
News

Recommended