Night Market ပွဲတော်ရက်အတွင်း ဝန်ကြီးများရုံးအဆောက်အဦကို ပိတ်ပင်ထားမည်

  • 5 years ago
Night Market ပွဲတော်ရက်အတွင်း ဝန်ကြီးများရုံးအဆောက်အဦကို ပိတ်ပင်ထားမည်
------------------
ဝန်ကြီးများရုံးအတွင်းရှိ မြက်ခင်းပြင်များတွင် Night Market ကို ပြုလုပ်သွားမည်ဖြစ်သော်လည်း အဆောက် အဦများကို ထိခိုက်ပျက်စီးမှုမရှိစေရန် စီစဉ်ထားသည်ဟု Signature Night Market ထူထောင်သူ ဦးမင်းလွင်က မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

“တခြားနေရာတွေကို ငြမ်းတွေနဲ့ ပိတ်ထားမှာခိုးပြီးတောင်ဝင်လို့မရအောင် ပိတ်ထားမှာအထပ်သားပြားတွေနဲ့ ပိတ်ထားမယ်။ ဒီနေရာသည် မဝင်ရ ဆိုတဲ့ဟာကို အနီရောင်ကြက်ခြေခတ် အမှတ်အသား ပြထားပေးမယ်။ လှေကားတွေဘာတွေ ပေးမတက်ဘူး။ အဆောက်အဦးထဲ ဝင်ခွင့်မပြုဘူး” ဟု ၄င်းက ဆိုသည်။

ရိုက်ကူး/တည်းဖြတ်-ဇေယျာမော်

သတင်းအပြည့်စုံ-http://www.mizzimaburmese.com/article/54404

Recommended