Nelly, 2NE1 ေခါင္းေဆာင္ေဟာင္း CL တုိ႔ပါမည့္ Under Dawg Festival ေမ ၁၃ရက္တြင္ က်င္းပမည္

  • 7 years ago
ZawGyi-
၂၀၁၇ ခုႏွစ္ ေမလ (၁၃) ရက္တြင္ သုဝဏၰဘူမိကြင္း၌ က်င္းပျပဳလုပ္မည့္ Under Dawg Festival ပြဲအတြက္ စာနယ္ဇင္းရွင္းလင္းပြဲကို မတ္လ (၂၉) ရက္က ရန္ကုန္ၿမိဳ႕ လွည္းတန္းစင္တာတြင္ က်င္းပျပဳလုပ္ခဲ့သည္။

အဆိုပါ႐ိႈးပြဲတြင္ ကမာၻတလႊားမွ နာမည္ႀကီးအဆိုေတာ္မ်ားျဖစ္သည့္ ဂရမ္မီသံုးဆုရွင္ Nelly ၊ အာရွတြင္သာမက အေမရိကန္ထိပါ ထိုးေဖာက္ေအာင္ျမင္ေနသည့္ 2Ne1 ေခါင္းေဆာင္ေဟာင္း CL ႏွင့္ အေမရိကန္ ရက္ပါ SOULJA BOY တို႔က လာေရာက္ေဖ်ာ္ေျဖၾကမည္ျဖစ္သည္။

Under Dawg Festival ပြဲႏွင့္ ပတ္သက္ၿပီး ပြဲစီစဥ္သူ Jaw Maran က “Under Dawg Festival ကေတာ့ Under က Underground Music ကလာတာ။ Dawg ကေတာ့ Hip Hop ဆိုတဲ႔သူေတာ္ေတာ္မ်ားမ်ား သံုးၾကလို႔ Hip Hoper ေတြကို ရည္ညႊန္းတာေပါ့ေနာ္။ Underground Music ေတြပါမယ္။ Mainstream ေတြပါမယ္။ K pop ေတြပါမယ္။ အဓိက,ကေတာ့ ဒီ Hip Hop နဲ႔ Urban Music ေတြမွာ Base ထားတယ္ေပါ့။ Black music မွာ Base ထားတယ္။ အဲဒီ Music Festival ကို ျမန္မာမွာ ေတာင္းဆိုမႈေတြ အရမ္းမ်ားေနတယ္။ ကြ်န္ေတာ္လည္း လုပ္ေပးခ်င္တာတစ္ေၾကာင္း၊ ၿပီးေတာ့ တကယ္ကို music ကို ႀကိဳက္ႏွစ္သက္သူေတြအတြက္ ကြ်န္ေတာ္ လုပ္တဲ့ပြဲေလးတစ္ခုပါ” ဟု ေျပာသည္။

ဆက္လက္ၿပီး ပြဲစီစဥ္သူက အဆိုပါပြဲသည္ ႏိုင္ငံျခားတြင္ သြားၾကည့္ရသည့္ပြဲပံုစံမ်ိဳး ခံစားေစရမည္ဟု ကတိေပးထားသည္။

ပြဲလက္မွတ္မ်ားကို သံုးေသာင္း၊ ေျခာက္ေသာင္းခြဲ၊ ႏွစ္သိန္း၊ သံုးသိန္းႏွင့္ ေနာက္ထပ္အမ်ိဳးအစားတစ္ခု ေၾကညာေပးမည္ဟု သိရသည္။ လက္မွတ္မ်ားကို အြန္လိုင္းမွတဆင့္ဝယ္ယူႏိုင္သလို ကေမာၻဇဘဏ္က တဆင့္လည္း ဝယ္ယူႏိုင္မည္ျဖစ္သည္။


Unicode-
၂၀၁၇ ခုနှစ် မေလ (၁၃) ရက်တွင် သုဝဏ္ဏဘူမိကွင်း၌ ကျင်းပပြုလုပ်မည့် Under Dawg Festival ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို မတ်လ (၂၉) ရက်က ရန်ကုန်မြို့ လှည်းတန်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရှိုးပွဲတွင် ကမ္ဘာတလွှားမှ နာမည်ကြီးအဆိုတော်များဖြစ်သည့် ဂရမ်မီသုံးဆုရှင် Nelly ၊ အာရှတွင်သာမက အမေရိကန်ထိပါ ထိုးဖောက်အောင်မြင်နေသည့် 2Ne1 ခေါင်းဆောင်ဟောင်း CL နှင့် အမေရိကန် ရက်ပါ SOULJA BOY တို့က လာရောက်ဖျော်ဖြေကြမည်ဖြစ်သည်။

Under Dawg Festival ပွဲနှင့် ပတ်သက်ပြီး ပွဲစီစဉ်သူ Jaw Maran က “Under Dawg Festival ကတော့ Under က Underground Music ကလာတာ။ Dawg ကတော့ Hip Hop ဆိုတဲ့သူတော်တော်များများ သုံးကြလို့ Hip Hoper တွေကို ရည်ညွှန်းတာပေါ့နော်။ Underground Music တွေပါမယ်။ Mainstream တွေပါမယ်။ K pop တွေပါမယ်။ အဓိက,ကတော့ ဒီ Hip Hop နဲ့ Urban Music တွေမှာ Base ထားတယ်ပေါ့။ Black music မှာ Base ထားတယ်။ အဲဒီ Music Festival ကို မြန်မာမှာ တောင်းဆိုမှုတွေ အရမ်းများနေတယ်။ ကျွန်တော်လည်း လုပ်ပေးချင်တာတစ်ကြောင်း၊ ပြီးတော့ တကယ်ကို music ကို ကြိုက်နှစ်သက်သူတွေအတွက် ကျွန်တော် လုပ်တဲ့ပွဲလေးတစ်ခုပါ” ဟု ပြောသည်။

ဆက်လက်ပြီး ပွဲစီစဉ်သူက အဆိုပါပွဲသည် နိုင်ငံခြားတွင် သွားကြည့်ရသည့်ပွဲပုံစံမျိုး ခံစားစေရမည်ဟု ကတိပေးထားသည်။

ပွဲလက်မှတ်များကို သုံးသောင်း၊ ခြောက်သောင်းခွဲ၊ နှစ်သိန်း၊ သုံးသိန်းနှင့် နောက်ထပ်အမျိုးအစားတစ်ခု ကြေညာပေးမည်ဟု သိရသည်။ လက်မှတ်များကို အွန်လိုင်းမှတဆင့်ဝယ်ယူနိုင်သလို ကမ္ဘောဇဘဏ်က တဆင့်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။

Recommended